ကျောင်းသားတစ်ယောက်အတွက်
ကျောင်းသင်ခန်းလောက်နဲ့ 
မရောင့်ရဲကြပဲ
အပြင်ဗဟုသုတများလည်း
ရှာမှီးသင့်သည်။
Monday, September 6, 2010
ရင်တွင်းစကား(၂)
မင်းပြားဆရာတော် ၏ အတွေးစကား(၂ )
အလုပ်သစ်တစ်ခုမှာ အခြေခံ အုတ်မြစ်ချခြင်းသည်
အခက်အခဲတွေ့ ကြသော်လည်း ……..
အလုပ်ဟောင်းဖြစ်လာသည့်အခါ
အခြေခံ အုတ်မြစ်ချထားသောကြောင့်
ပိုပြီးကောင်းလာနိုင်ပေသည်။
မင်းပြားဆရာတော် ၏ အတွေးစကား(၁)
အသင်းအဖွဲ့ အစည်းများမှာ
ရှင်းတမ်းမထုတ်နိုင်လျှင်
အလင်းတန်းရောင်ခြည်မထွက်နိုင်
အလင်းတန်းရောင်ခြည်မထွက်နိုင်လျှင်
အမှောင်ထုမှာလမ်းလျှောက်သော
လူတစ်ယောက် ခရီးမရောက်နိုင်သလို
အသင်းအဖွဲ့ အစည်းများမှာလည်း
ခရီးမရောက်နိုင်ပါ။
Sunday, September 5, 2010
အမေ၀မ်းမြောက်ပါစေတော့
အမေ.....
အမေ့ကို အနီးကပ်
ကျေးဇူးဆပ်ချင်ပေမယ့်...
အမေ...
အမေ့ကို တရားရေအေး
တိုက်ကျွေးချင်ပေမယ့်...
အမေ..
သားလေ...
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
အမေ့အတွက်
အမျိုးဘာသာ
သာသနာအတွက်....
Friday, September 3, 2010
သြ၀ါဒ
စာသင်သားဆိုတာ အရိပ်လိုပဲ အနီ၊ အ၀ါ၊ အဖြူ ၊ အမဲ(မည်း) စတဲ့ အရာတွေဟ အပြင်မှာ အရောင်အမျိုးမျိုး
မြင်ရပေမယ့် နေရောင်ခြည်ရဲ့ အရိပ်ထဲမှာတော့ အားလုံးဟာ အတူတူပါပဲ။
ထို့ အတူ စာသင်သားဆိုတာလည်း ဆင်းရဲ ချမ်းသာဆိုတာမရှိပါဘူး အားလုံးအတူတူပါပဲ။
Subscribe to:
Posts (Atom)